Wednesday, 27 April 2011

သူငယ်ချင်း ဖိုးဥာဏ်အတွက်အမှတ်တရ..........

ဟေ့ရောင် ငါ ပုဂံရာဇ၀င် တစ်ပုဒ်ရေးပြမလို့..။မင်းဖတ်ဖူးလားမသိဘူး..။
လောကကြေးမုံဆိုတဲ့ စာအုပ်ထဲက ..အဲဒီ့စာအုပ်က လူတွေစိတ်နေခံစားချက်
စိတ်ခံစားချက်အလိုက် ကိုယ်ကလိုက်ပြီး လက်တုံ့ပြန်တတ်တဲ့ အကြောင်း
စကားတစ်လုံးရဲ့အဓိပ္ပါယ် စကားတစ်လုံးရဲ့လေးနက်မှု
စကားတစ်လုံးကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲကောင်းမှုဆိုးမှု
စကားတစ်လုံးကြောင့်ဖြစ်လာတဲ့
တိုင်းရေးပြည်ရေးအပြောင်းအလဲ...နောက်စကားတစ်လုံးကြောင့်
လူ့အသက်တစ်ချောင်း ဆုံးပါးသွားရပုံတွေကို သူက ရှေးရာဇ၀င်တွေနဲ့
ရှင်းပြထားတာ..။ ငါဖတ်ထားတာလွန်ခဲ့တဲ့ ၃
နှစ်လောက်ကဆိုတော့တစ်ချို့စားကြောင်းတွေ သိတ်မမှတ်မိတော့ဘူး..။ ဒါကြောင့်
ကျွန်တော် စာသားတွေမှားရေးမိရင်လည်း ခွင့်လွှတ်ပါလို့ အန်တီနေ..။
ပုဂံခေတ်သည် သမုဒ္ဒရာဇ် မင်းအစ သုပညာနာဂရ
ဆိန္ဒမင်းအဆုံး မင်းဆက် ၅၅ ဆက်ရှိလေသည်..။ ထိုမင်းဆက် ၅၅ ရှိတဲ့အထဲမှာ
နရသီဟပတေ့မင်းကြီး ဟာ ၅၃ ဆက်မြောက်မင်းတစ်ပါးဖြစ်တယ်..။ နရသီဟမင်းတွင်
မိဖုရားငါးယောက်ရှိတယ် မိဖုရားခေါင်ကြီးကတော့ ဖွားစော နောက် ရှင်နန်း
ရှင်မောက် ရှင်ရွှေ စောလုံ ဆိုပြီးမိဖုရားငယ်ငါးယောက်လည်းရှိတယ်..။
ဖွားစော နှင့် စောလုံ မှတပါး ကျန်မိဖုရား ၃ ယောက်တွင် သားတော်တစ်ပါးစီ
ဖွားမြင်တယ်..။ ရှင်နန်းတွင် ဥဇနာ ရှင်မောက်တွင် သီဟသူ ရှင်ရွှေတွင်
ကျော်စွာ ဆိုပြီးသားတော်အသီးသီးဖွားမြင်တယ်..။ သားတော်များ
အသက်အရွယ်ရောက်လာသောအခါ သားတော်အကြီး ဥဇနာကို
ပုသိမ်မြို့စားဖြစ်စေတယ်..သားတော်အလတ် သီဟသူကို
ပြည်မြို့ကိုအပိုင်စားစေတယ်..သားတော်အငယ် ကျော်စွာကို တော့ဒလ
မြို့ကိုရစေတယ်..။ဒါပေမယ့် နရသီဟပတေ့မင်းသည် သားတော်တွေကို
ချစ်မြစ်နိုးလွန်းလို့ သူ၏လက်အောက် နန်းတွင်းတွင်သာနေစေပြီး
သူတို့အပိုင်စားရသောမြို့အသီးသီးကိုအုပ်ချုပ်စေတယ်..။ နရသီဟပတေ့မင်းသည်
လူအများသိကြတဲ့အတိုင်း ဟင်းခွက်ပေါင်း ၃၀၀ ပြည့်မှ
ပွဲတော်တည်တတ်တဲ့မင်းတစ်ပါးဖြစ်တယ်..။ သူကိုယ်တိုင်လည်း အရသာရှိတဲ့
ဟင်းမျိုးကိုမှ ရွေးပြီးပွဲတော်တည်တတ်သလို ကောင်းနှိုးရာရာ
ဟင်းတစ်ချို့ကိုလည်း သူ၏မိဖုရား အမတ်
မင်းညီမင်းသားတို့အားစားသုံးစေတယ်..။ တစ်နေ့သောအခါ နန်တွင်းမှာ
ဝက်ကောင်လုံးကင်ကို ပွဲတော်တည်တယ်.။ အဲဒါနဲ့ နရသီဟပတေ့မင်းသည်
သူ၏သားတော်များ နှင့်အတူ သုံးဆောင်ရန် သားတော်အကြီးဥဇနာကို
ဝက်လက်သားကင်ကိုပေး၏ သားတော်အငယ် ကျော်စွာကိုလည်း ၀က်လက်သားကင်ပေး၏
သားတော်အလတ်သီဟသူ ကိုမူဝက်ပေါင်သားကင်ပေး ၍သုံးဆောင်စေ၏..။ ဒီလိုနဲ့ပဲ
နန်းတွင်း တွင်ဝက်ကောင်လုံးကင်တိုင်း ထို
နည်းအတိုင်းသားတော်များကိုစားသုံးစေ၏..။ တစ်နေ့သောအခါတွင်
သားတော်သီဟသူ၏အမေ မိဖုရားရှင်မောက် ကမကျေမခြမ်းဖြစ်လာတယ်..။ ဥဇနာကို
ဝက်လက်ကင်ပေးတယ်ဆိုတာတရာနည်းကျတယ် ဘာကြောင့်များ ကျော်စွာ အား
အငယ်ဖြစ်လျှက်နဲ့ ငါ့သားသီဟသူကို ကျော်ပြီး ၀က်လက်သားကင်ကို
ပေးသုံးဆောင်ခိုင်းသလဲဆို၍ အမြင်မကြည်ဖြစ်လာတယ်..။ ထို့ကြောင့် နောက်
ဝက်လက်ကင်ပွဲတော်တည်သောအခါ မိမိ၏အမြင် မကျေမခြမ်းဖြစ်ခြင်းကို
လက်တွေ့အကောင်အထည်ဖော်ရန် ဆုံးဖြတ်လိုက်တယ်..။ နန်းတွင်းစားဖိုမှုးအား
အသပြာအဖိုးအခ ပေး၍မိမိ သားတော်အားဝက်လက်သားကင်
ကိုပြောင်းလဲချပေးရန်ပြော၏..။ ထိုအခါတွင် သားတော်အငယ် ကျော်စွာ၏ မိခင်
မိဖုရား ရှင်ရွှေ ကမကျေနပ်၍ နရသီဟပတေ့မင်းကြီး အားတက်လျှောက်လေသည်..။
ထိုအခါ နရသီဟပတေ့ မင်းလည်း `'အေးကွဲ့ မိရွှေ ငါ
ကိုယ်တော်ကြည့်ပြောလိုက်မယ်ကွဲ့ " ဆို၍အပြန်လွှတ်လိုက်လေသည်..။ နောက်နေ့
မင်းညီလာခံကျင်းပသောအခါတွင် လူဘုံအလယ်တွင် နရသီဟပတေ့မင်းသည် မိဖုရား
ရှင်မောက် အား "၀က်လက်ခိုးမ"ဟု ပြောဆိုဆုံးမသည် သားတော်သီဟသူကိုလည်း
"၀က်လက်ခိုးမသား" ပြောလေသည်..။ ထိုအခါ သားတော်သီဟသူနှင့် ရှင်မောက်တို့
စိတ်ထဲတွင်တည်းထား ၍ အခွင့်အခါသင့် လျှင်ပြန်လည် လက်တုံ့ပြန်မည်ဟု
တိုင်ပင်ထားသည်..။
ထိုအကြံအစီသည် များမကြာလိုက်ပါ
အကောင်အထည်ပေါ်လာလေသည်..။ ပုဂံနေပြည်တော် သို့ မြန်မာနိုင်ငံမြောက်ဖျားမှ
အင်အားအလွန်ကြီးမားလှသော တရုတ်မွန်ဂို တပ်ကြီးချီတက်လာပြီဟူသောသတင်းသည်
ရောက်လာလေသည်..။ ထိုအခါနရသီဟပတေ့မင်း သည်
ပြန်လည်တွန်းလှန်ရန်မဖြစ်နိုင်သဖြစ် မင်းမှုးမတ်များနှင့်တကွ
သားတော်များရှိရာ မြန်မာနိုင်ငံအောက်ပိုင်းသို့ တိမ်းရှောင်လေသည်..။
ပုသိမ်မြို့သို့ ရောက်သောအခါ သားတော်အကြီးဥဇနာက "ဖခမည်းတော်
အရှင်မင်းကြီး သားတော် သီဟသူ ကိုကြည့်ရတာ သိပ်မူမှန်မှုမရှိပါ.. ဒါကြောင့်
သူ၏မြို့သို့ရောက်လျှင် အရှင်မင်းကြီး သတိရှိပါ" ဟုသတိပေးစကားပြောသည်..။
သို့ပင်မယ့် လည်းနရသီဟပတော့မင်းသည် မိမိသားတော်များကိုချစ်သည်
ထို့အတွက်ကြောင် သူတို့ကလည်းပြန်လည်ချစ်မည်ဟုထင်ထား၍ ဥဇနာ ပြောသောစကား
ကိုအမှတ်မထင်အလေးမထားပဲ နေ၏..။ ထို့နောက်သုံးလခန့်ကြာသော ကျူးကျော်သူ
တပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟူသောအသင်းကြားသည်..။ ထို့အတွက်ကြောင့်
နာရသီဟပတေ့ သည်မိမိ မှုးမတ်များနှင့်တကွ ပုသိမ်မြို့မှ
ပုဂံနေပြည်တော်သို့ပြန်လည် ထွက်ခွာသွားသည်..။
ပြည်မြို့သို့ရောက်သောအခါတွင် မိမိ၏ စိတ်ထဲတွင် သားတော် အလတ်သီဟသူ သည်
သူ၏မြို့အား နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ပါ့မလားဆို၍
စိုးရိမ်ပူပန်စိတ်ဝင်လာလေသည်..။ ထို့ကြောင့် ပြည်မြို့တွင်ခေတ္တ ခဏ
တစ်ထောက်နားရန်အမိန့်ထုတ်သည်။ ထိုအခါ ဖွားစောက "အရှင်မင်းကြီး
အရှင်ပုသိမ်မြို့မှ ထွက်လာသောအခါ ပြည်မြို့တွင် တစ်ထောက်နားမည်ဆိုတော့
အစီအစဉ်မပါ ပါ..ထို့အတွက်ကြောင့်အရှင်မင်းကြီးဖောင်တော်ကိုရေလည်ခေါင်တွင်
ကျောက်ချထား၍ သားတော် သီဟသူကိုသာ အခစားဝင်စေသင့်ပါတယ်ဟု
ပြောလေသည်..။ထိုအခါ နရသီဟပတေ့ လည်း မိဖုရားခေါင်ကြီးဖွားစော
စကားကိုနားထောင်၍ "အိမ်း..ဟုတ်ပေသားပဲ " ပြော၍ မိမိသားတော်အား
အခစားဝင်စေရန် သတင်းတော်ပို့လွှတ်လိုက်သည်..။ ထိုအခါ သီဟသူသည်
မိမိကြံစီထားသော အကွက်ထဲသို့ဝင်လာပြီဟုတွေးပြီး ကြိုစီစဉ်ထားသည့်အတိုင်း
မိမိဖွဲ့စည်းထားသော ရေတပ်ကို နရသီဟပတေ့ ၏ ဖောင်တော်ကို ၀ိုင်းဝန်းစေ ၍
လက်နက်ချခိုင်းသည်..။ နရသီဟပတေ့မင်း အားလည်း အဆိပ်ခတ်ထားသော
ပွဲတော်ကိုစားစေသည်..။ နရသီဟပတေ့မင်း လည်းပွဲတော်မတည်ပဲ ဆိတ်ဆိတ်သာ
နေသည်..။ ထိုသတင်းကို သီဟသူကြားလျှင် ဓါးလွတ်ကိုင် ရဲမတ်များအား စေလွှတ်၍
ပွဲတော်အား အတင်းတည်စေသည်..။ ထိုအခါတွင်နရသီဟပတေ့မင်းလည်း
အခြေအနေအကြပ်အတည်းတွင် အမြဲတမ်း တိုင်ပင်တတ်သော မိမိ၏ချစ်လှစွာသော
မိဖုရားခေါင်ကြီး ဖွားစောအား `' အဖွား ငါကိုယ်တော်မြတ်
မည်သို့ပြုမူသင့်သနည်း" ဟုအကြံတောင်းသည်... ထိုအခါဖွားစောက
"အရှင်မင်းကြီး ကျွန်တော်မျိုးမ အမြင်ကိုလျှောက်ရလျှင် သူတပါး၏
လက်နက်အောက်သွေးသံရဲရဲသေရခြင်းထက် အဆိပ်ဖြင့်သေခြင်းက ပို၍ မြတ်ကြောင်းပါ
`' ဟုလျှောက်လေသည်..။ ထိုအခါတွင် နရသီဟပတေ့မင်းသည် သရဏဂုံ ဆောက်တည်၍ "
ငါသည်..ရောက်ရာဘ၀တိုင်း ဘယ်တော့မှ သားယောကျာင်္း မရပါစေတည်း`' ဟုဆုပန်လျှက်
ပွဲတော်စာကို သုံးဆောင် ပြီး တခဏခြင်းပင်လျှင် နတ်ရွာစံ
သွားတော်မူလေသည်.....................။



အဲ့စာသားတွေကို နင်မှတ်မိတယ်မလား ...
ဘယ်လိုအနေအထားပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ငါတို့ တွေဆက်ခင်မယ်လို့ ပြောထားခဲ့တာကို သတိရမိတယ်....
ငါ့သူငယ်ချင်း ပျော်ရွှင်ပါစေနော်...
ခင်တဲ့ 
အရူး

No comments:

Post a Comment